ဆာ​လံ 72:15-20 BJB

15 အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။

16 ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။

17 နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။

18 အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

19 ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း။ အာမင်နှင့်အာမင်။

20 ယေရှဲ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး၏။