ဆာ​လံ 86:2-8 BJB

2 အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင် ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့်မ၍၊ ကိုယ်တော် ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင် တော်မူပါ။

3 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။

4 အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ။

5 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်း သောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။

6 အို ထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည် ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။

7 ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။

8 အို ထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်း မရှိပါ။