ဆာ​လံ 94:10-16 BJB

10 လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။

11 လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။

12 အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊

13 ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။

14 ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။

15 တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင် ဆုံးဖြတ်တော်မူ၍၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည်။

16 လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း။ မတရားသော သူတို့ကို ဆီးတား၍၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း။