ဆာ​လံ 94:2-8 BJB

2 မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ။

3 အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။

4 အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။

5 အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။

6 မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။

7 သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။

8 တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။