ဆာ​လံ 94:6-12 BJB

6 မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။

7 သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။

8 တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။

9 နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။

10 လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။

11 လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။

12 အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊