ယော​ရှု 1:6-12 BJB

6 အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။

7 သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။

8 ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့် မည်။

9 သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။

10 ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကိုခေါ်၍၊

11 တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထားလေ၏။

12 တဖန်ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊