ယော​ရှု 11:18-23 BJB

18 ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ်တိုက်ရ၏။

19 ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလအမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသောမြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ၏။

20 အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည်အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့သည်တိုင်အောင် သူတို့စိတ်နှလုံးခိုင်မာစေခြင်းငှါ ထာဝရဘုရားအလိုရှိတော်မူသတည်း။

21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။

22 ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတယောက်မျှမရှိ။

23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေးသဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။