ယော​ရှု 12:1-5 BJB

1 ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိသမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည်လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများဟူမူကား၊

2 အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊

3 အရှေ့မျက်နှာ၌လွင်ပြင်မှစ၍ ဂင်္နေသရက်အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ဘက် ဗက်ယေရှိမုတ်မြို့သို့သွားရာလမ်း၊ အာဇုတ်ပိသဂါမြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်းအစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်တပါး၊

4 ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊

5 ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊