ယော​ရှု 12:6-12 BJB

6 ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည်လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေးလေ၏။

7 ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသောဗာလဂဒ်မြို့မှစ၍၊

8 စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသား လုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများဟူမူကား၊

9 ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊

10 ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီးတပါး၊

11 ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊

12 ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊