ယော​ရှု 14:1-6 BJB

1 ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။

2 ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးကိုးမျိုးနှင့် တဝက်တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။

3 မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။

4 ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတပါး အခြား သောမြေကိုမပေး။

5 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ မြေကို ဝေဖန်ကြ၏။

6 ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။