ယော​ရှု 15:1-7 BJB

1 ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက်နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ ဇိနတောဖြစ်သော၊

2 တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌တောင်အကွေ့မှထွက်၍၊

3 တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကိုရှောက်လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊

4 အဇမုန်ရွာကိုရှောက်သဖြင့် အဲဂုတ္တုချောင်းသို့လိုက်၍ ပင်လယ်၌ ဆုံးလေ၏။

5 အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှ ထွက်၍၊

6 ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက်နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ကျောက်သို့ ၎င်း ရောက်လေ၏။

7 အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊