10 ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့၎င်း၊
11 ဧကြုန်မြို့မြောက်ဘက်နားမှာရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့၎င်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
12 အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာလက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာဘ၏မြို့ကို ချပေးလေ၏။
14 ထိုမြို့ထဲက ကာလက်သည် အာနကသားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သောနောက်၊
15 ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16 ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ငါသည်သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊