ယော​ရှု 15:17-23 BJB

17 ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။

18 ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်းဟု မေးလျှင်၊

19 သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။

20 ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက်ခံရသောအမွေမြေ ဖြစ်သတည်း။

21 ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊

22 ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊

23 ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊