ယော​ရှု 17:3-9 BJB

3 သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။

4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။

5 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊

6 ယော်ဒန်မြစ်အရှေ့ဘက်ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။

7 မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။

8 တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။

9 တဖန် အပိုင်းအခြားသည် ကာနမြစ်တောင်ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေဖြစ်၍ ပင်လယ်၌ဆုံးလေ၏။