ယော​ရှု 18:1-7 BJB

1 ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ၏။

2 ထိုအခါ ဣသရေလအမျိုးခုနစ်မျိုးတို့သည်၊ အမွေမြေကိုမခံရသေးသည်ဖြစ်၍၊

3 ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။

4 သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။

5 သူတို့သည် ပြည်ကို ခုနစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။

6 ပြည်ကိုခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဘို့ စာရေးတံပြုမည်။

7 လေဝိသားတို့သည် သင်တို့နှင့် ရော၍ အဘို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။