ယော​ရှု 18:11-17 BJB

11 ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။

12 မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်းရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။

13 တဖန်တောင်မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသောတောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊

14 ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။

15 တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊

16 ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင်ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊

17 မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သားဗောဟန်၏ကျောက်သို့၎င်း ရောက်လေ၏။