ယော​ရှု 18:19-25 BJB

19 ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ဆုံးလေ၏။ ဤရွေ့ကားတောင်ဘက်အပိုင်းအခြားတည်း။

20 ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက်ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။

21 ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊

22 ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊

23 အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊

24 ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။

25 ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊