ယော​ရှု 19:30-36 BJB

30 အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။

31 ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

32 ဆဌမတကြိမ်စာရေးတံပြု၍ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

33 သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။

34 တဖန် အနောက်မျက်နှာသို့လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။

35 ခိုင်ခံ့သောမြို့များဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊

36 အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊