43 ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44 ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
45 ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
46 မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖောမြို့ရှေ့မှာရှိသောမြေပါသတည်း။
47 ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
48 ဤရွေ့ကားမြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
49 ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကိုပေးကြ၏။