ယော​ရှု 2:1-4 BJB

1 နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကိုသွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည်အတိုင်း၊ သူတို့သည်သွားပြီးလျှင် ရာခပ်အမည်ရှိသော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။

2 ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်းခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ညမှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊

3 ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကိုစူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။

4 ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားနှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်ကလာသည်ကို မသိပါ။