ယော​ရှု 21:1-7 BJB

1 လေဝိသားအဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးတို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊

2 အကျွန်ုပ်တို့ နေစရာဘို့မြို့တို့ကို၎င်း၊ တိရစ္ဆာန်များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊

3 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသောမြေထဲက၊ မြို့နှင့် မြို့နယ်တို့ကိုပေးကြ၏။

4 စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည်အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

5 ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကိုရကြ၏။

6 ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။

7 မေရာရိသားတို့သည် အဆွေအမျိုးအလိုက်ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကိုရကြ၏။