ယော​ရှု 21:8-14 BJB

8 ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။

9 ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

10 အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံအားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

11 ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွပေးကြ၏။

12 သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများတို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။

13 လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေးကြ၏။

14 ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊