ယော​ရှု 23:1-4 BJB

1 ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊

2 ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသားအပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။

3 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင်တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။

4 ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင်အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်းသေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ငါဝေဖန်ပြီ။