ယော​ရှု 23:7-13 BJB

7 သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြုဦးမညွှတ်ဘဲ၊

8 ယနေ့တိုင်အောင်ကျင့်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ်ရှိကြလော့။

9 အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှနှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှမရပ်နိုင်။

10 သင်တို့တယောက်သော်လည်း အခြားသောသူတထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။

11 သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။

12 သို့မဟုတ် သင်တို့သည်ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြားပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊

13 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန်ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့ နံစောင်၌နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။