ယော​ရှု 3:1-4 BJB

1 ယောရှုသည် နံနက်စောစောထ၍ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကိုမကူးမှီ မြစ်နားတွင် စားခန်းချကြ၏။

2 သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တရှောက်လုံးသို့သွား၍၊

3 သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ်လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာပြောင်း၍ လိုက်ရကြမည်။

4 သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင်နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်းကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲလိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြသေးဟု လူအပေါင်းတို့အား မှာထားကြ၏။