ယော​ရှု 3:2-8 BJB

2 သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တရှောက်လုံးသို့သွား၍၊

3 သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ်လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာပြောင်း၍ လိုက်ရကြမည်။

4 သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင်နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်းကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲလိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြသေးဟု လူအပေါင်းတို့အား မှာထားကြ၏။

5 ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။

6 တဖန် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူများရှေ့သို့ သွားကြ၏။

7 ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့်စပြုမည်။

8 ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။