ယော​ရှု 3:5-11 BJB

5 ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။

6 တဖန် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူများရှေ့သို့ သွားကြ၏။

7 ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့်စပြုမည်။

8 ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

9 ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့ဟု ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်လျက်၊

10 အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည်အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊

11 မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန်မြစ်ထဲသို့ကူးသွားလိမ့်မည်။