ယော​ရှု 4:2-8 BJB

2 လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ရွေးကောက်၍၊

3 သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချရာအရပ်၌ ထားရမည်အကြောင်းဆင့်ဆိုလော့ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊

4 ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကိုခေါ်၍၊

5 သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလအမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။

6 သို့ပြုလျှင် သက်သေကိုရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊

7 သင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊

8 ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကိုယူပြီးမှ၊ စားခန်းချရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။