ယော​ရှု 6:24-27 BJB

24 မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။

25 ယောရှုသည်လည်း၊ ပြည်တန်ဆာရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည်ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။

26 ထိုအခါယောရှုက၊ အကြင်သူသည်ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရားရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက်၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။

27 ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။