ယော​ရှု 8:1-7 BJB

1 တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲအပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ငါအပ်မည်။

2 ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအားပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊

3 ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသောစစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ်လျက်၊

4 သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှါ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့် ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။

5 ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့တိုက်ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။

6 သူတို့လည်းလိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့နှင့် ကွာမှန်းကိုမသိဘဲခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ရှေ့မှာ ငါတို့သည်ပြေးသောအခါ၊ ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။

7 ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။