ယော​ရှု 8:24-30 BJB

24 ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာတော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကိုလုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။

25 ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ၏။

26 အာဣမြို့သူမြို့သားအပေါင်းတို့ကို အကုန်အစင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သောလက်ကို မသိမ်းမရုပ်။

27 သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။

28 ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။

29 အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင်တွင် ဆွဲထား၍၊ မိုဃ်းချုပ်သောအခါ၊ ယောရှုစီရင်သည်အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါးဝ၌ ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။

30 ထိုအခါယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလ္လင်ကိုတည်လေ၏။