ယော​ရှု 8:32-35 BJB

32 ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောေရှ၏ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။

33 ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေးခြင်းအလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလတောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊

34 ပညတ္တိကျမ်း၌ ရေးထားသမျှသော ကောင်းကြီးမင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကားတည်းဟူသော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ၏။

35 ယောရှုသည် မောရှေမှာထားသော စကားတခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တကျွန်းနိုင်ငံသားပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဘတ်ရွတ်လေ၏။