ယော​ရှု 9:16-22 BJB

16 မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊

17 ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။

18 ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။

19 အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။

20 သူတို့အားကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ်ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊

21 အကဲအမှူးများဂတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။

22 ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသနည်း။