ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:13-19 MSB

13 ဂျူး​ဘာ​သာ​ဝင်​အ​ဖြစ် ငါ​အ​သက်​ရှင်​နေ​ထိုင်​ခဲ့​စဉ်​အ​ခါ​က ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန်​ညှဉ်း​ဆဲ​၍ ထို​အ​သင်း​တော်​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည်​ကို​လည်း​ကောင်း၊

14 ငါ​သည် ဂျူး​ဘာ​သာ​တ​ရား​၌ ငါ့​လူ​မျိုး​ထဲ​ရှိ​သက်​တူ​ရွယ်​တူ​များ​ထက် သာ​လွန်​ပြီး ငါ့​ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​တမ်း​များ​နှင့်​ပတ်​သက်​၍ အ​လွန်​စိတ်​အား​ထက်​သန်​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ​ထား​၏။

15 သို့​သော် အ​မိ​ဝမ်း​ထဲ​၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီး​သန့်​ရွေး​ချယ်​ထား​၍ မိ​မိ​၏​ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်

16 မိ​မိ​၏​သား​တော်​အ​ကြောင်း​ကို လူ​မျိုး​ခြား​တို့​တွင်​ဟော​ပြော​စေ​ရန်​အ​တွက် ထို​သား​တော်​ကို ငါ့​အား​ဖော်​ပြ​ရန် အ​လို​ရှိ​တော်​မူ​သော​အ​ခါ ငါ​သည် အ​သွေး​အ​သား​နှင့်​တိုင်​ပင်​ခြင်း​ကို​မ​ပြု။

17 ငါ့​ထက်​အ​လျင်​ဦး​စွာ တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေ​ရု​ဆ​လင်​မြို့​သို့​လည်း မ​သွား​ဘဲ အာ​ရေ​ဗျ​ပြည်​သို့ ချက်​ချင်း​ထွက်​ခွာ​သွား​ပြီး​လျှင် ဒ​မတ်​စ​ကပ်​မြို့​သို့ တစ်​ဖန်​ပြန်​လာ​ခဲ့​၏။

18 ထို့​နောက် သုံး​နှစ်​လွန်​ပြီး​မှ ကေ​ဖ​နှင့်​အ​ကျွမ်း​ဝင်​စေ​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​၍ သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​နေ​ခဲ့​၏။

19 သို့​သော် အ​ခြား​မည်​သည့်​တ​မန်​တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သ​ခင်​ဘု​ရား​၏​ညီ​တော်​ယာ​ကုပ်​ကို​သာ​တွေ့​ခဲ့​၏။