ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:2-8 MSB

2 ငါ​နှင့်​အ​တူ​ရှိ​သော​ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် ဂ​လာ​တိ​ပြည်​၌​ရှိ​သည့် အ​သင်း​တော်​များ​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

4 ထို​သ​ခင်​သည် ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော​မျက်​မှောက်​ကာ​လ​မှ ငါ​တို့​ကို​ကယ်​နုတ်​ရန် ငါ​တို့​၏​အ​ပြစ်​အ​တွက် မိ​မိ​ကိုယ်​ကို​ပေး​အပ်​တော်​မူ​၏။

5 အ​ဖ​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

6 သင်​တို့​သည် ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ ခြား​နား​သည့်​ကောင်း​မြတ်​သော​သ​တင်း​ဘက်​သို့ ဤ​မျှ​လောက်​အ​လျင်​အ​မြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အ​လွန်​အံ့​ဩ​မိ​၏။

7 ထို​သို့​ဆို​သော် အ​ခြား​ကောင်း​မြတ်​သော​သ​တင်း​ရှိ​သည်​မ​ဟုတ်။ လူ​အ​ချို့​တို့​သည် သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​၍ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို မှောက်​လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။

8 သို့​သော် ငါ​တို့​က​ဖြစ်​စေ၊ ကောင်း​ကင်​မှ ကောင်း​ကင်​တ​မန်​က​ဖြစ်​စေ သင်​တို့​အား ငါ​တို့​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​နှင့် ကွဲ​လွဲ​ခြား​နား​သည့်​အ​ရာ​ကို ဟော​ပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။