ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:10-16 MSB

10 သင်​တို့​တွင် ခြား​နား​သော​အ​ယူ​အ​ဆ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​ကို ငါ​ယုံ​ကြည်​စိတ်​ချ​၏။ သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​သော​သူ​သည် မည်​သူ​ပင်​ဖြစ်​ပါ​စေ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11 ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​နေ​သေး​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သ​နည်း။ သို့​ဖြစ်​လျှင် လက်​ဝါး​ကပ်​တိုင်​နှင့်​ဆိုင်​သော မှား​ယွင်း​စ​ရာ​အ​ကြောင်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​ပြီ။

12 သင်​တို့​ကို မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပင် သင်း​ကွပ်​လိုက်​လျှင် ကောင်း​လိမ့်​မည်။

13 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွတ်​လပ်​မှု​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​ကြ​၏။ သို့​သော် ထို​လွတ်​လပ်​မှု​ကို သွေး​သား​ဇာ​တိ​အ​တွက် အ​ခွင့်​အ​ရေး​တစ်​ခု​အ​နေ​ဖြင့် မ​သုံး​ဘဲ မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​အ​စေ​ခံ​ကြ​လော့။

14 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​လုံး​သည် “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော​စ​ကား​တစ်​ခွန်း​တည်း​၌​ပြည့်​စုံ​၏။

15 သို့​သော် သင်​တို့​သည် အ​ချင်း​ချင်း​ကိုက်​ဖြတ်​ဝါး​မျို​ကြ​လျှင် အ​ချင်း​ချင်း​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​ရ​သ​ဖြင့် သ​တိ​ပြု​ကြ​လော့။

16 ငါ​ဆို​သည်​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။ သို့​ပြု​လျှင် သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​ကို လုံး​ဝ​မ​ဖြည့်​ဆည်း​ဘဲ နေ​ကြ​လိမ့်​မည်။