ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:14-20 MSB

14 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​လုံး​သည် “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော​စ​ကား​တစ်​ခွန်း​တည်း​၌​ပြည့်​စုံ​၏။

15 သို့​သော် သင်​တို့​သည် အ​ချင်း​ချင်း​ကိုက်​ဖြတ်​ဝါး​မျို​ကြ​လျှင် အ​ချင်း​ချင်း​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​ရ​သ​ဖြင့် သ​တိ​ပြု​ကြ​လော့။

16 ငါ​ဆို​သည်​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။ သို့​ပြု​လျှင် သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​ကို လုံး​ဝ​မ​ဖြည့်​ဆည်း​ဘဲ နေ​ကြ​လိမ့်​မည်။

17 အ​ဘယ်​ကြောင့်​ဆို​သော် သွေး​သား​ဇာ​တိ​သည် ဝိ​ညာဉ်​တော်​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၍ ဝိ​ညာဉ်​တော်​သည် သွေး​သား​ဇာ​တိ​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၏။ ဤ​သို့​ဖြင့် ၎င်း​တို့​သည် တစ်​ပါး​နှင့်​တစ်​ပါး​ဆန့်​ကျင်​ကြ​သည်​ဖြစ်​၍ သင်​တို့​သည် ပြု​လို​သော​အ​ရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။

18 သို့​ရာ​တွင် ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို​ခံ​ရ​လျှင် သင်​တို့​သည် ပ​ညတ်​တ​ရား​အောက်​၌ ရှိ​ကြ​သည်​မ​ဟုတ်။

19 သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော လုပ်​ဆောင်​မှု​တို့​မူ​ကား သိ​သာ​ထင်​ရှား​၏။ ၎င်း​တို့​မှာ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ညစ်​ညူး​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊

20 ရုပ်​တု​ကိုး​ကွယ်​ခြင်း၊ ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ကွဲ​ခြင်း၊