21 မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံကြရမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
22 ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
23 နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။
24 ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။
25 ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မကွာလိုက်လျှောက်ကြကုန်စို့။
26 စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့။