ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:6-12 MSB

6 ခ​ရစ်​တော်​ယေ​ရှု​၌​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ဖြစ်​စေ၊ အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​စေ မည်​သည့်​အ​ရာ​ကို​မျှ မ​စွမ်း​ဆောင်​နိုင်။ မေတ္တာ​အား​ဖြင့်​လုပ်​ဆောင်​သော ယုံ​ကြည်​ခြင်း​က​သာ စွမ်း​ဆောင်​နိုင်​၏။

7 သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာ​တ​ရား​ကို​မ​လိုက်​နာ​စေ​ရန် မည်​သူ​က သင်​တို့​ကို အ​နှောင့်​အ​ယှက်​ပေး​သ​နည်း။

8 ဤ​သွေး​ဆောင်​မှု​သည် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ​လာ​သည်​မ​ဟုတ်။

9 အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​၏။

10 သင်​တို့​တွင် ခြား​နား​သော​အ​ယူ​အ​ဆ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​ကို ငါ​ယုံ​ကြည်​စိတ်​ချ​၏။ သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​သော​သူ​သည် မည်​သူ​ပင်​ဖြစ်​ပါ​စေ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11 ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​နေ​သေး​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သ​နည်း။ သို့​ဖြစ်​လျှင် လက်​ဝါး​ကပ်​တိုင်​နှင့်​ဆိုင်​သော မှား​ယွင်း​စ​ရာ​အ​ကြောင်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​ပြီ။

12 သင်​တို့​ကို မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပင် သင်း​ကွပ်​လိုက်​လျှင် ကောင်း​လိမ့်​မည်။