ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6:1-6 MSB

1 ညီ​အစ်​ကို​တို့၊ လူ​တစ်​ဦး​သည် ကျူး​လွန်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ထဲ​၌ နစ်​မွန်း​နေ​လျှင် ဝိ​ညာဉ်​သ​ဘော​ရှိ​သော​သင်​တို့​သည် နူး​ညံ့​သိမ်​မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြု​ပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​လည်း ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​သို့​မ​ကျ​ရောက်​စေ​ရန် သ​တိ​ပြု​ကြ​လော့။

2 အ​ချင်း​ချင်း​၏​ဝန်​ထုပ်​ဝန်​ပိုး​များ​ကို ကူ​ညီ​ထမ်း​ရွက်​ပေး​ကြ​လော့။ ထို​သို့​ပြု​ခြင်း​အား​ဖြင့် သင်​တို့​သည် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ပြည့်​စုံ​စေ​ကြ​လိမ့်​မည်။

3 တစ်​စုံ​တစ်​ယောက်​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက် မိ​မိ​ကိုယ်​ကို​အ​ရေး​ပါ​သူ​ဟု ထင်​မှတ်​လျှင် သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​ဖြား​၏။

4 လူ​တိုင်း မိ​မိ​ပြု​သော​အ​မှု​ကို စစ်​ဆေး​ပါ​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး​၌​မ​ဟုတ်​ဘဲ မိ​မိ​တစ်​ကိုယ်​တည်း​၌ ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

5 အ​ကြောင်း​မူ​ကား လူ​တိုင်း​သည် မိ​မိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။

6 နှုတ်​က​ပတ်​တ​ရား​ကို​သင်​ယူ​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​ပေး​ပါ​စေ။