ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6:10-16 MSB

10 ထို့​ကြောင့် ငါ​တို့​သည် အ​ခါ​အ​ခွင့်​ရ​သော​အ​ခါ လူ​အ​ပေါင်း​တို့​အ​ပေါ် အ​ထူး​သ​ဖြင့် ယုံ​ကြည်​ခြင်း​၏​အိမ်​သူ​အိမ်​သား​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့။

11 ငါ​သည် မည်​မျှ​လောက်​ကြီး​သော​စာ​လုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။

12 ကိုယ်​ကာ​ယ​၌ အ​မြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ကြ​ခြင်း​ဖြစ်​၏။

13 အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​တိုင်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်​ကာ​ယ​၌ ဝါ​ကြွား​နိုင်​ရန် သင်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။

14 ငါ့​အ​တွက်​မူ​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​၌ ဝါ​ကြွား​ခြင်း​မှ​တစ်​ပါး အ​ခြား​ဝါ​ကြွား​စ​ရာ​မ​ရှိ။ ငါ့​အ​နေ​ဖြင့် လော​က​သည် ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​၍ လော​က​အ​နေ​ဖြင့်​လည်း ငါ​သည် ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​လေ​ပြီ။

15 အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ဖြစ်​စေ၊ အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​စေ ပ​ဓာ​န​မ​ဟုတ်။ အ​သစ်​ဖန်​ဆင်း​ခံ​ရ​ခြင်း​သာ ပ​ဓာ​န​ဖြစ်​၏။

16 ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း လိုက်​လျှောက်​သူ​ရှိ​သ​မျှ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အစ္စ​ရေး​အ​မျိုး​တို့​အ​ပေါ်​၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​နှင့်​က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။