ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6:7-13 MSB

7 အ​ယူ​မ​လွဲ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​ကို​စိုက်​ပျိုး​လျှင် ၎င်း​ကို ပြန်​လည်​ရိတ်​သိမ်း​ရ​လိမ့်​မည်။

8 မိ​မိ​သွေး​သား​ဇာ​တိ​၌​စိုက်​ပျိုး​သော​သူ​သည် သွေး​သား​ဇာ​တိ​ထံ​မှ ပျက်​စီး​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​၌​စိုက်​ပျိုး​သော​သူ​မူ​ကား ဝိ​ညာဉ်​တော်​ထံ​မှ ထာ​ဝ​ရ​အ​သက်​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။

9 ငါ​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်​စို့။ အ​ကြောင်း​မူ​ကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အ​ချိန်​တန်​သော​အ​ခါ ရိတ်​သိမ်း​ရ​ကြ​လိမ့်​မည်။

10 ထို့​ကြောင့် ငါ​တို့​သည် အ​ခါ​အ​ခွင့်​ရ​သော​အ​ခါ လူ​အ​ပေါင်း​တို့​အ​ပေါ် အ​ထူး​သ​ဖြင့် ယုံ​ကြည်​ခြင်း​၏​အိမ်​သူ​အိမ်​သား​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့။

11 ငါ​သည် မည်​မျှ​လောက်​ကြီး​သော​စာ​လုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။

12 ကိုယ်​ကာ​ယ​၌ အ​မြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ကြ​ခြင်း​ဖြစ်​၏။

13 အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​တိုင်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်​ကာ​ယ​၌ ဝါ​ကြွား​နိုင်​ရန် သင်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။