တိ​တု​ဩ​ဝါ​ဒ​စာ 3:10-15 MSB

10 ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သ​တိ​ပေး​ပြီး​လျှင် ပယ်​ရှား​လော့။

11 ထို​သို့​သော​သူ​သည် ဖောက်​ပြန်​လွဲ​မှား​သော​သူ​ဖြစ်​ပြီး မိ​မိ​မှား​ယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အ​ပြစ်​ပြု​နေ​သူ​ဖြစ်​ကြောင်း သိ​မှတ်​လော့။

12 ငါ​သည် အာ​တေ​မ သို့​မ​ဟုတ် တု​ခိတ်​ကို သင့်​ထံ​သို့​စေ​လွှတ်​သော​အ​ခါ ငါ​ရှိ​ရာ​နိ​ကော​ပ​လိ​မြို့​သို့​လာ​ရန် ကြိုး​စား​လော့။ အ​ကြောင်း​မူ​ကား ဆောင်း​ကာ​လ​အ​တွင်း ထို​မြို့​၌​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ထား​၏။

13 ကျမ်း​တတ်​ပုဂ္ဂိုလ်​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ကို သူ​တို့​အ​တွက် လို​လေ​သေး​မ​ရှိ​ရ​အောင် သေ​ချာ​စွာ​ပို့​ဆောင်​ပေး​လော့။

14 ငါ​တို့​၏​လူ​များ​သည်​လည်း အ​သီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အ​ကြောင်း အ​ရေး​တ​ကြီး​လို​အပ်​သော​အ​ရာ​များ​အ​တွက် ကောင်း​သော​အ​မှု​တို့​ကို ပါ​ဝင်​လုပ်​ဆောင်​ရန် သင်​ယူ​ကြ​ရ​မည်။

15 ငါ​နှင့်​အ​တူ​ရှိ​သော​သူ​အား​လုံး​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​အား​ချစ်​ခင်​သော​သူ​များ​ကို နှုတ်​ဆက်​ပေး​လော့။ ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။