1 သို့ဖြစ်၍ လူအပေါင်းတို့အတွက်လည်းကောင်း၊ ရှင်ဘုရင်များနှင့် အထက်အာဏာပိုင်အားလုံးတို့အတွက်လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားခံတောင်းလျှောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ကိုပြုရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။
2 ဤသည်ကား ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနက်ခြင်းအပြည့်အဝရှိလျက် အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
3 ထိုသို့ပြုခြင်းသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
4 လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
5 အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။
6 ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။