တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:12-15 MSB

12 အ​မျိုး​သ​မီး​သည် သွန်​သင်​ခြင်း၊ အ​မျိုး​သား​အ​ပေါ် ဩ​ဇာ​ညောင်း​ခြင်း​အ​ခွင့်​ကို ငါ​မ​ပေး။ အ​မျိုး​သ​မီး​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်။

13 အ​ကြောင်း​မူ​ကား အာ​ဒံ​ကို ပ​ထ​မ​ဦး​စွာ​ဖန်​ဆင်း​တော်​မူ​၍ နောက်​မှ ဧ​ဝ​ကို ဖန်​ဆင်း​တော်​မူ​၏။

14 ထို့​ပြင် အာ​ဒံ​သည် လှည့်​ဖြား​ခြင်း​မ​ခံ​ရ။ အ​မျိုး​သ​မီး​မူ​ကား လှည့်​ဖြား​ခြင်း​ခံ​ရ​လျက် ဖောက်​ဖျက်​ကျူး​လွန်​ခြင်း​သို့​ရောက်​ခဲ့​၏။

15 သို့​သော် အ​မျိုး​သ​မီး​တို့​သည် ဣန္ဒြေ​စောင့်​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သန့်​ရှင်း​ခြင်း​တို့​၌​တည်​လျှင် သား​ဖွား​ခြင်း​အ​မှု​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။