တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:3-9 MSB

3 ထို​သို့​ပြု​ခြင်း​သည် ကောင်း​မြတ်​၍ ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​၏။

4 လူ​သား​အား​လုံး​ကယ်​တင်​ခြင်း​ခံ​ရ​လျက် သမ္မာ​တ​ရား​ကို​သိ​ရှိ​ခြင်း​သို့​ရောက်​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။

5 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍ ဘု​ရား​သ​ခင်​နှင့်​လူ​တို့​စပ်​ကြား​တွင် ကြား​ဝင်​စေ့​စပ်​သူ​လည်း တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။ ထို​အ​ရှင်​ကား လူ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​ပေ​တည်း။

6 ထို​အ​ရှင်​သည် လူ​အ​ပေါင်း​တို့​အ​တွက် ရွေး​နုတ်​စ​ရာ​အ​ဖိုး​အ​ခ​အ​ဖြစ် မိ​မိ​ကိုယ်​ကို​ပေး​အပ်​တော်​မူ​၏။ ဤ​သည်​ကား အ​ချိန်​တန်​သော​အ​ခါ ပေး​တော်​မူ​သော​သက်​သေ​ခံ​ချက်​ဖြစ်​၏။

7 ငါ​သည် ထို​သက်​သေ​ခံ​ချက်​အ​တွက် သံ​တော်​ဆင့်​နှင့်​တ​မန်​တော်​အ​ဖြစ်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​သမ္မာ​တ​ရား​တို့​ကို လူ​မျိုး​ခြား​တို့​အား သွန်​သင်​သော​ဆ​ရာ​အ​ဖြစ်​လည်း​ကောင်း ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။ ငါ​သည် မု​သား​မ​ပါ ဟုတ်​မှန်​ရာ​ကို​ပြော​၏။

8 သို့​ဖြစ်​၍ အ​မျိုး​သား​တို့​သည် အ​မျက်​ထွက်​ခြင်း​နှင့်​ငြင်း​ခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အ​ရပ်​ရပ်​တို့​၌ သန့်​ရှင်း​သော​လက်​ကို​မြှောက်​ချီ​၍​ဆု​တောင်း​ကြ​ရန် ငါ​အ​လို​ရှိ​၏။

9 ထို​နည်း​တူ အ​မျိုး​သ​မီး​တို့​သည်​လည်း သင့်​တင့်​လျောက်​ပတ်​စွာ ဝတ်​စား​ဆင်​ယင်​လျက် ဣန္ဒြေ​စောင့်​ခြင်း​နှင့်​ယဉ်​ကျေး​သိမ်​မွေ့​ခြင်း​တို့​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ဆင်​ယင်​ကြ​၍ ကျစ်​သော​ဆံ​ပင်​နှင့် ရွှေ၊ ပု​လဲ၊ တန်​ဖိုး​ကြီး​သော​အ​ဝတ်​အ​စား​စ​သည်​တို့​ဖြင့် မ​ဟုတ်​ဘဲ