တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:7-13 MSB

7 ငါ​သည် ထို​သက်​သေ​ခံ​ချက်​အ​တွက် သံ​တော်​ဆင့်​နှင့်​တ​မန်​တော်​အ​ဖြစ်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​သမ္မာ​တ​ရား​တို့​ကို လူ​မျိုး​ခြား​တို့​အား သွန်​သင်​သော​ဆ​ရာ​အ​ဖြစ်​လည်း​ကောင်း ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။ ငါ​သည် မု​သား​မ​ပါ ဟုတ်​မှန်​ရာ​ကို​ပြော​၏။

8 သို့​ဖြစ်​၍ အ​မျိုး​သား​တို့​သည် အ​မျက်​ထွက်​ခြင်း​နှင့်​ငြင်း​ခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အ​ရပ်​ရပ်​တို့​၌ သန့်​ရှင်း​သော​လက်​ကို​မြှောက်​ချီ​၍​ဆု​တောင်း​ကြ​ရန် ငါ​အ​လို​ရှိ​၏။

9 ထို​နည်း​တူ အ​မျိုး​သ​မီး​တို့​သည်​လည်း သင့်​တင့်​လျောက်​ပတ်​စွာ ဝတ်​စား​ဆင်​ယင်​လျက် ဣန္ဒြေ​စောင့်​ခြင်း​နှင့်​ယဉ်​ကျေး​သိမ်​မွေ့​ခြင်း​တို့​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ဆင်​ယင်​ကြ​၍ ကျစ်​သော​ဆံ​ပင်​နှင့် ရွှေ၊ ပု​လဲ၊ တန်​ဖိုး​ကြီး​သော​အ​ဝတ်​အ​စား​စ​သည်​တို့​ဖြင့် မ​ဟုတ်​ဘဲ

10 ဘု​ရား​သ​ခင်​အား​ကြည်​ညို​လေး​မြတ်​ခြင်း​ရှိ​မည်​ဟု က​တိ​ပြု​သော​အ​မျိုး​သ​မီး​များ​နှင့်​သင့်​လျော်​သည့်​အ​ရာ​တည်း​ဟူ​သော ကောင်း​သော​အ​မှု​များ​ဖြင့် မိ​မိ​ကိုယ်​ကို​ဆင်​ယင်​ကြ​ရန် ငါ​အ​လို​ရှိ​၏။

11 အ​မျိုး​သ​မီး​သည် အ​ရာ​ရာ​၌​နာ​ခံ​ခြင်း​ရှိ​၍ တိတ်​ဆိတ်​စွာ​သင်​ယူ​ပါ​စေ။

12 အ​မျိုး​သ​မီး​သည် သွန်​သင်​ခြင်း၊ အ​မျိုး​သား​အ​ပေါ် ဩ​ဇာ​ညောင်း​ခြင်း​အ​ခွင့်​ကို ငါ​မ​ပေး။ အ​မျိုး​သ​မီး​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်။

13 အ​ကြောင်း​မူ​ကား အာ​ဒံ​ကို ပ​ထ​မ​ဦး​စွာ​ဖန်​ဆင်း​တော်​မူ​၍ နောက်​မှ ဧ​ဝ​ကို ဖန်​ဆင်း​တော်​မူ​၏။