တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:1-6 MSB

1 “တစ်​စုံ​တစ်​ယောက်​သည် ကြီး​ကြပ်​သူ​ဖြစ်​ရန် အ​လွန်​တောင့်​တ​လျှင် ထို​သူ​သည် ကောင်း​သော​အ​မှု​ကို​တောင့်​တ​၏”​ဟူ​သော​စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်​၏။

2 ထို့​ကြောင့် ကြီး​ကြပ်​သူ​သည် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ၊ မ​ယား​တစ်​ဦး​တည်း​ရှိ​သော​သူ၊ သမ္မာ​သ​တိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ​ပြု​မူ​သော​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သော​သူ၊ သင်​ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။

3 သူ​သည် သေ​သောက်​ကြူး​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်​သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်​မက်​သော​သူ၊

4 မိ​မိ​အိမ်​ထောင်​ကို ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​လျက် သား​သ​မီး​တို့​ကို တည်​ကြည်​လေး​နက်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် နာ​ခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။

5 မိ​မိ​အိမ်​ထောင်​ကို မည်​ကဲ့​သို့​စီ​မံ​အုပ်​ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို မည်​ကဲ့​သို့​ပြု​စု​စောင့်​ရှောက်​နိုင်​မည်​နည်း။

6 သူ​သည် ယုံ​ကြည်​ခါ​စ​လူ​မ​ဖြစ်​ရ။ သို့​မ​ဟုတ်​လျှင် ဘ​ဝင်​မြင့်​လျက် မာရ်​နတ်​နှင့်​တူ​ညီ​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ထဲ​သို့ ကျ​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​၏။