တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-5 MSB

1 သို့​သော် နောင်​လာ​မည့်​အ​ချိန်​ကာ​လ​များ​၌ လူ​အ​ချို့​တို့​သည် လှည့်​ဖြား​သော​ဝိ​ညာဉ်​များ​နှင့် နတ်​ဆိုး​တို့​၏​သွန်​သင်​ချက်​များ​ကို အာ​ရုံ​စိုက်​လျက် ယုံ​ကြည်​ခြင်း​ကို​စွန့်​ခွာ​ကြ​လိမ့်​မည်​ဟု ဝိ​ညာဉ်​တော်​သည် အ​တိ​အ​လင်း​မိန့်​တော်​မူ​၏။

2 ထို​သွန်​သင်​ချက်​များ​သည် မိ​မိ​တို့​အ​သိ​စိတ်​ကို သံ​ပူ​တံ​ဆိပ်​ခတ်​ထား​ခြင်း​ခံ​ရ​သည့် လိမ်​လည်​သော​သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​အား​ဖြင့်​ဖြစ်​၏။

3 သူ​တို့​သည် အိမ်​ထောင်​ပြု​ခြင်း​ကို​တား​မြစ်​ကြ​၍ ယုံ​ကြည်​သူ​နှင့်​သမ္မာ​တ​ရား​ကို​သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​လျက်​သုံး​ဆောင်​ရန်​အ​တွက် ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​စေ​ကြ​လိမ့်​မည်။

4 အ​မှန်​စင်​စစ် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ရှိ​သ​မျှ​သည် ကောင်း​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ဖြင့်​ခံ​ယူ​လျှင် ပစ်​ပယ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

5 အ​ကြောင်း​မူ​ကား ထို​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။