တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:11-16 MSB

11 ဤ​အ​ရာ​တို့​ကို ညွှန်​ကြား​လျက် သွန်​သင်​လော့။

12 သင်​၏​အ​သက်​အ​ရွယ်​နု​ပျို​ခြင်း​ကို မည်​သူ​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ အ​ပြော​အ​ဆို​၌​လည်း​ကောင်း၊ အ​သက်​ရှင်​နေ​ထိုင်​မှု​၌​လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​၌​လည်း​ကောင်း၊ ဖြူ​စင်​သန့်​ရှင်း​ခြင်း​၌​လည်း​ကောင်း ယုံ​ကြည်​သော​သူ​တို့​အ​တွက် စံ​န​မူ​နာ​ဖြစ်​လော့။

13 ငါ​လာ​သည့်​တိုင်​အောင် ကျမ်း​စာ​ဖတ်​ကြား​ခြင်း၊ တိုက်​တွန်း​အား​ပေး​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​ကို ဂ​ရု​စိုက်​လုပ်​ဆောင်​လော့။

14 အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​၏​လက်​တင်​ခြင်း​နှင့်​တ​ကွ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အား​ဖြင့် သင့်​အ​ပေါ်​ပေး​အပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေး​ဇူး​ကို လျစ်​လျူ​မ​ရှု​နှင့်။

15 သင်​၏​တိုး​တက်​မှု​သည် လူ​အ​ပေါင်း​တို့​ရှေ့​၌​ထင်​ရှား​ရန် ထို​အ​မှု​အ​ရာ​များ​ကို ကြိုး​စား​အား​ထုတ်​၍ ၎င်း​တို့​၌ မိ​မိ​ကိုယ်​ကို​နှစ်​မြှုပ်​ထား​လော့။

16 သင့်​ကိုယ်​သင်​သော်​လည်း​ကောင်း၊ သင်​၏​သွန်​သင်​ချက်​ကို​သော်​လည်း​ကောင်း ဂ​ရု​စိုက်​၍ ထို​သွန်​သင်​ချက်​တို့​၌ အ​မြဲ​တည်​နေ​လော့။ အ​ကြောင်း​မူ​ကား သင်​သည် ထို​သို့​ပြု​ခြင်း​ဖြင့် သင့်​ကိုယ်​သင်​နှင့် သင့်​ကို​နား​ထောင်​သော​သူ​တို့​ကို ကယ်​တင်​လိမ့်​မည်။